ဓါတ်ပုံ Save Image As နှင့် Bookmarks ထဲအလွယ်မှတ်ရန်


ဒီနည်းလေးကတော့ အင်တာနက်က ဓါတ်ပုံတွေ မသိမ်းတတ်တဲ့သူများ အတွက်ပါ.. ကိုယ်လိုချင်တဲ့ပုံပေါ်ကို မောက်စ်မျှားလေးတင် Right Click ထောက် Save Image As ကိုကလစ် အကွက်တကွက် ပေါ်လာရင် ပုံကိုနာမည်ပေး.. ရှာရလွယ်အောင် Desktop ကို တချက်ကလစ်ပေး၊ ပြီးရင် Save ကိုနှိပ်.. ပြီးပြီ.. ဓါတ်ပုံက ကိုယ်စက်ထဲရောက်သွားပြီ..

ဒီအောက်ကပုံကတော့ Mozilla Firefox Bookmarks ထဲ အလွယ်မှတ်နည်းလေးပါ..


နေ့စဉ်ကျနော်တို့ အင်တာနက်ပေါ်မှာ ကြည့်နေတဲ့ ဝက်ဘ်ဆိုဒ်တွေကို ဒီနည်းလေးနဲ့ အလွယ်ဖွင့်လို့ ရအောင်သိမ်းပါမယ်.. Mozilla Firefox နဲ့ Google Chrome မှာ ဒီနည်းသုံးလို့ရပါတယ်.. Internet Explore မှာတော့ စမ်းမကြည့်ဘူးသေးဘူး.. မိမိတို့ ကြိုက်တဲ့ ဝက်ဆိုဒ်တခုကို ဖွင့်ပြီးရင် ကီဘုတ်မှ Ctrl+D ကိုနှိပ်.. Enter တချက်ခေါက်.. ဒါဆို Bookmarks ကို ကိုယ်ကြည့်နေတဲ့ ဝက်ဆိုဒ်လင့်လေးရောက်သွားပြီ.. Bookmarks ကမှတ်ထားပေးပါတယ်.. အောက်ကပုံကိုကြည့်ပါ.. 


နောက်တခါ ကိုယ်ဖွင့်ချင်တဲ့ ဆိုဒ်ကို Bookmarks ကို တချက်ကလစ်.. ကိုယ်ကြည့်ချင်တဲ့ ဆိုဒ်ကို တချက် ကလစ် လိုက်ရင် ရပြီ.. ပေါ်လာလိမ့်မယ်.. စမ်းကြည့်လိုက်ပါ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...